Global Notification

Get password here!

မိုးကောင်းကင်၏မဟာအကြံအစည်
Bookmark
8.0

မိုးကောင်းကင်၏မဟာအကြံအစည်

Read မိုးကောင်းကင်၏မဟာအကြံအစည်

ရန်ကျောက်ကဲသည် မူလက ကမ္ဘာမြေမှ ဖြစ်သည်။ ထိုနောက် အတိုးတက်ဆုံး ခေတ်ကာလကို ရောက်နေသည့် ကျင့်ကြံခြင်းကမ္ဘာ၏ ရှားပါးကျမ်းများ စုဆောင်းထားရှိရာ ကောင်းကင်နန်းတော်ကြီးတွင် ပြန်လည်မွေးဖွားလာသည်။ သိုသော် များမကြာမီ ကမ္ဘာပျက်နိုင်လောက်သည့် ကပ်ဘေးကြီး ကျရောက်လာရာ ကောင်းကင်နန်းတော်ကြီးလည်း ပျက်စီးသွားခဲ့ပြီး ထိုကမ္ဘာပျက်ကပ်ဘေးပြီးနောက် နှစ်ပေါင်းများစွာအကြာတွင် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသည်။ ထိုအချိန်တွင် လူတိုသည် ကမ္ဘာပျက်ကပ်ဘေးမတိုင်ခင်က အကြွင်းအကျန်များကို တူးဖော်တွေ့ရှိပြီး ကျင့်ကြံခြင်းလူ့အဖွဲအစည်းကို ပြန်လည်တည်ထောင်ကြသည်။ ထိုကျင့်ကြံခြင်းလူအဖွဲအစည်းမှာ ဖွံဖြိုးဆဲကာလ၌ပင် ရှိနေသေးပြီး ယခင် အတိုးတက်ဆုံးခေတ်ကာလသို ပြန်လည်ရောက်ရှိရန် လွန်စွာ ဝေးကွာသေးသည်။ အတိုးတက်ဆုံးခေတ်ကာလမှ တန်ဖိုးကြီးကျမ်းများ အပြည့်ရှိသည့် မှတ်ဉာဏ်များနှင့်အတူ ဤတစ်ကြိမ် ရန်ကျောက်ကဲ ပြန်လည်မွေးဖွားလာခြင်းမှာ အခက်ဆုံးအဆင့်ဖြင့် ကစားနေကျ ကစားသမားတစ်ဦးက အလွယ်ဆုံးအဆင့်ဖြင့် ပြောင်းလဲကစားလိုက်သကဲ့သိုပင်ဖြစ်သည်။ ထိုမျှတင် မကသေး။ ရန်ကျောက်ကဲသည် ဤတစ်ကြိမ်တွင် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း၏ ချမ်းသာကြွယ်ဝသော နံပါတ်တစ်ပါရမီရှင်၏ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။ ထိုကြောင့် သူ့ဘဝမှာ အစစအရာရာ အဆင်ပြေချောမွေ့လျက် ရှိသည်။ သိုသော် တစ်ခုခုတော့ မှားယွင်းနေသည်။ သူသာ ပြန်လည်မွေးဖွားခြင်းသိုင်းဝတ္ထုများထဲကလို ဇာတ်လိုက်တစ်ယောက်ဆိုလျှင် အောက်ခြေမှပင် စသင့်သည် မဟုတ်ပါလော။ ထိုအချိန်တွင် ဇာတ်လိုက်ကဲ့သို ဘဝဇာတ်ကြောင်းရှိသည့် လူတစ်ယောက်ကပါ ပေါ်လာသည့် နောက်မှာတော့……။

အမည် မိုးကောင်းကင်၏မဟာအကြံအစည်
မူရင်းစာစဉ်အမည် History’s Strongest Senior Brother
မူရင်းအခန်း ၁၈၃၆ (ပြီးဆုံး)
မူရင်းရေးသူ August Eagle
ဘာသာပြန် ဇင်ပြေ

Recommendation

Comment

Show Comments