Read အမွေခံအပြစ်သား
ောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ်ကာ လိုက်နာသူများမှာမူ ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံကြရသည်။ ကျင့်ကြံခြင်း လောက ခက်ခဲလွန်း လှသည်မှာ မပြောင်းလဲသော စည်းမျဉ်း တစ်ခုပင် ဖြစ်သည်။ သိုသော်လည်း ကောင်းကင် တာအို၏ ပွေ့ပိုက်ခြင်းခံရသော အချိုမှာမူ အရာအားလုံးကို ကျော်လွန်ကာ အမြင့်ဆုံးသို တက်လှမ်းသွားကြသည်။ ထိုအရာက အဘယ်ကြောင့် ဖြစ်ရသနည်း။ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုဆိုသည်က အဘယ်နည်း။ မကောင်းမှု နှင့် အကျင့်ပျက်မှုဟူသည်က အဘယ်နည်း။မည်သူက ထိုအရာကို ဆုံးဖြတ်သနည်း။ ထိုကြောင့်ပင် အပြစ်သား မိစ္ဆာတိုသည် ကောင်းကင် တာအိုကို ဆန့်ကျင်ကာ ကိုယ်ပိုင် ကံကြမ္မာများကို ဖန်တီးရသည်။ ဤအရာကား ကောင်းချီး ပေးခံရသူ အဖြစ်မှ အပြစ်သားအဖြစ် ပြောင်းလဲသွားခဲ့သည့် ကျင်ကြံသူ တစ်ယောက်၏ ခရီးလမ်းပင် ဖြစ်သည်။ သူသည် အပြစ်သားတို၏ အကြီးကျယ်ဆုံးသော အရှင် ဖြစ်လာခဲ့ လေသည်။