Read ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား
မိဘနှစ်ပါးသေဆုံးသွား၍ အဖိုးဖြစ်သူနှင့်နေရသော လင်းဖန်ဆိုသည့် လူငယ်လေးတစ်ယောက်သည် မိန်းမချောလေးတစ်ယောက်၏ ချောက်တွန်းမှုကြောင့် သူ မလုပ်ခဲ့သော ပြစ်မှုအတွက် ထောင်ထဲသို့ ရောက်ခဲ့ရသည်။ ထောင်ထဲမှ ပြန်လည်လွတ်မြောက်လာသည်နှင့် ထိုမိန်းမပျိုနှင့် သူဋ္ဌေးသားတို့စီးလာသောကားကို တခြားကားနှင့် ဝင်တိုက်ပစ်ခဲ့ရာမှ စိတ်ဝိညာဥ်လွင့်မျောကာ ကျင့်ကြံခြင်းကမ္ဘာမှ လင်းဖန်ဆိုသော လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ကျင့်ကြံခြင်းကမ္ဘာသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သော ကမ္ဘာတစ်ခုဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာမှ လင်းဖန်သည် အစွမ်းနိမ့်ကျလွန်း၍ အမျိုးအရင်းများမှ အနိုင်ကျင့်ခံရမှုကြောင့် သေလုမျောပါးဖြစ်ကာ အသက်ငွေ့ငွေ့သာကျန်တော့သည်။ ထိုအချိန်တွင် ကားတိုက်၍ စိတ်ဝိညာဥ်လွင့်မျောလာသော လင်းဖန်နှင့် ကျင့်ကြံခြင်းကမ္ဘာမှ လင်းဖန်တို့ပေါင်းစည်းသွားကာ အငြိုးအတေးကြီးမားစွာဖြင့် နိုးထလာတော့သည်။ ဤလောကတွင် သူအသက်ဆက်လက်ရှင်သန်နိုင်ရန် အင်အားကြီးမားနေမှဖြစ်မည်ဟုသော အတွေးက သူ့စိတ်ထဲ စိုးမိုးလာခဲ့၏။ ကျင့်ကြံခြင်းကမ္ဘာ၏အလယ်တွင် မိုးကောင်းကင်မြို့တော်ဆိုသည့် ကမ္ဘာ့အစွမ်းထက်ဆုံး တန်ခိုးရှင်များနေထိုင်ရာမြို့ကြီးတစ်မြို့ရှိသည်။ ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး တန်ခိုးရှင်ဖြစ်လိုသော သူသည် အကြောင်းအရင်းတစ်ခုကြောင့် ထိုမြို့သို့သွားရန် အကြောင်းဖန်လာသောအခါ....